Myanmar Safety Training

Current Status
Not Enrolled
Price
£225.00
Get Started
or

ကြာချိန် – 4-5 နာရီ


ဤသင်ခန်းစာသည် ကျွန်ုပ်တို့၏ အရေးအပါဆုံးသောလက်စွဲစာစောင်နှင့် လုံခြုံရေးဆိုင်ရာ သင်ခန်းစာများကို တိကျရှင်းလင်းသေသပ်စွာဖြင့် ပြည့်ပြည့်စုံစုံ ပြုစုထည့်သွင်းထားသည့် သင်ခန်းစာတစ်ခုဖြစ်ပါသည်။

ယခုသင်ခန်းစာသည် မိခင်နိုင်ငံအသီးသီးတွင် အလုပ်လုပ်နေကြသည့် နိုင်ငံတကာ ဂျာနယ်လစ်များနှင့် စာနယ်ဇင်းသမားများအတွက် စံပြစွမ်းရည်မြှင့်သင်ခန်းစာဖြစ်သည်။  

သင်တန်းတက်ရောက်သူများသည်  မိမိအား မကြိုဆိုသည့် ပတ်ဝန်းကျင်တွင် အလုပ်လုပ်ရာ၌ မရှိမဖြစ်လိုအပ်သည့် လုပ်ဖော်ကိုင်ဖက်များ၊ သတင်းရင်းမြစ်များ၊ ပါဝင်ကူညီသူများ၏ ဘေးအန္တရာယ်ကင်းရှင်းရေး နှင့် လုံခြုံရေးအပါအဝင်  ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် အသက်ကယ်နည်းလမ်းများအားလုံးကို သင်ယူကြရမည် ဖြစ်သည်။

အသုံးနည်းလာပြီဖြစ်သော်လည်း အဓိကကျသော ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် လုံခြုံရေးဆိုင်ရာ သတိပြုမှု နှင့် ကာကွယ်ရေးနည်းလမ်းများကို  ပြန်လည်လေ့လာရင်း သင်တန်းသားများ၏ စွမ်းရည်ဗဟုသုတများကို မြှင့်တင်ပေးကာ နောက်ဆုံးပေါ် ခေတ်မီ ဘေးအန္တရာယ်ကင်းရှင်းရေး ဗဟုသုတများ နှင့် သတိပြုဖွယ်နည်းလမ်းများကို မျှဝေသင်ကြားပေးမည် ဖြစ်သည်။

ဤသင်တန်းသည် ပြင်ပအခြေအနေနှင့် အလားသဏ္ဍာန်တူစွာ ဖန်တီးထားသည့် အခြေအနေတွင် တိုက်ရိုက်ပါဝင်လှုပ်ရှားခြင်း မပြုမီ မဖြစ်မနေ သင်ယူတတ်မြောက်ထားသင့်သည့် ပြင်ဆင်မှုသင်တန်းတစ်ခုလည်း ဖြစ်သည်။


သင်တန်းသားများ တွေ့ကြုံရမည့် သင်ကြားမှုပုံစံ

လက်တွေ့လုပ်ဆောင်ခြင်း/ တိုက်ရိုက်ပြုုမှုလှုပ်ရှားရမည့် အခြေအနေများ

ပဟေဠိများ

သင်ခန်းစာများကို ဒေါင်းလုတ်ရယူရန်

သင်တန်းတက်ရောက်ပြီးစီးခြင်း လက်မှတ်


ကျေးဇူးပြုပြီးအောက်ဖော်ပြပါအကြောင်းအရာများကိုကလစ်နှိပ်ပြီးသင်ရိုးညွှန်းတမ်းအားလုံးကိုဖြည့်စွက်ပါ။

68 thoughts on “Myanmar Safety Training”

  1. ဒီသင်တန်းကို အွန်လိုင်းကနေ လုပ်ရတဲ့အတွက်အများကြီး သင်ယူရပါတယ်။ အထူးသဖြင့် ဘယ်လက်နက်က ဘယ်လို ပြင်းအားရှိတယ်ဆိုတာ လေ့လာသင်ယူရသလို ဒဏ်ရာရရင် အရင်ဦးဆောင်း လုပ်ဆောင်ရမယ့်အရေးပေါ် လုပ်ဆောင်မှုတွေကို လေ့လာသင်ယူရတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဒီသင်တန်းလိုမျိုး ပြည်တွင်းက ကယ်ဆယ်ရေးလုပ်သားတွေကိုလည်းမျှဝေပေးစေချင်ပါတယ်။

    1. သတင်းမီဒီယာ လုပ်ငန်း အပြင်၊ရှေးဦးသူနာ ပြုစုနည်း၊ယာဥ်အန္တရာယ် ၊မိမိကိုယ် မိမိ ဘယ်လိုကာကွယ်ရမယ် ဆိုတဲ့ ဗဟုသုတတွေ အများကြီး ရရှိတဲ့ အတွက် သင်တန်းပို့ချပေးတဲ့ ဆရာဆရာမတွေကို အထူးကျေးဇူးတင်ပါတယ်။
      မြေပြင်မှာ သတင်ရယူတဲ့ အခါမှာလည်း လက်တွေ့အသုံးဝင်မှာဖြစ်တာကြောင့် ကျွန်တော်တို့ သတင်းထောက်တွေအတွက် အများကြီး အထောက်ကူပြုတဲ့ သင်တန်းတစ်ခုဖြစ်ပါတယ်။

  2. မသိသေးတဲ့အချက်တွေ အများကြီး သင်ယူခဲ့ရပြီး ကြိုတင်ပြင်ဆင်ရန်အတွက် နည်းလမ်းတွေ ရရှိခဲ့ပါသည်။

  3. ဒီသင်တန်းမျိုးကို တက်ရဖို့ အမြဲတမ်းမျှော်လင့်ခဲ့ပါတယ်။မီဒီယာလောကမှာ ကျွန်မတို့ကို သတင်းအရင်းအမြစ်တွေပေးတဲ့ ပတ်ဝန်းကျင်တွေကလူတွေကို အန္တရာယ်မကျရောက်စေဖို့တွက် မိမိဘက်က ကာကွယ်ရမယ့် နည်းလမ်းတွေနဲ့အသက်ကယ်နည်းလမ်းတွေကို သင်ခွင့်ရတဲ့အတွက် စိတ်ရင်းမှန်နဲ့ ပျော်မိပါတယ်။ သင်တန်းပို့ချပေးတဲ့ဆရာ၊ဆရာမတွေကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်။ ဒီထက်မကအောင်မြင်ကြပါစေရှင်

  4. အခုလိုသင်ကြားရတဲ့အတွက် ကျွန်နော်တို့ရဲ့ လုံခြုံမှုဆိုင်ရာအချက်အလက်တွေအပြင် ရှေးဦးသူနာပြုနည်းများနဲ့ လက်နက်အကြောင်းအပါအဝင် တခြားသောဗဟုသုတများကို ရရှိသလို ပြန်လည်မျှဝေသွားနိုင်လည်း လုပ်ဆောင်သွားမှာဖြစ်ပါတယ်

  5. သင်တန်းရဲ့အတွေအက​ြုံ စာတွေ့သင်းခန်းစာကို ေမြပြင်မှာလက်တွေအသုံးချသွားပါမယ်

    1. ကျေးဇူးအများကြီးတင်ပါတယ်အများကြီးသင်ယူလိုက်ရပါတယ်

  6. Thank you! The course was really effective for us. I am going to share with others what i learn from this.

  7. လေ့လာခွင့်ရတာ ဝမ်းသာပါတယ်။

  8. မြေပြင်မှာ အလုပ်လုပ်နေတဲ့ သတင်းထောက်တွေအားလုံးကို ဒီသင်တန်းမျိုး ရစေချင်ပါတယ်။ သင်တန်းအတွက်လည်း ကျေးဇူးတင်ပါတယ်။

  9. လေ့လာသင်ယူခွင့်ရလို့ကျေးဇူးတင်ပါတယ်။ရရှိခဲ့တဲ့ အသိပညာတွေကို လက်တွေ့မြေပြင်မှာကြုံလာရင် အကောင်းဆုံးချသုံးနိုင်ဖို့လဲ ပြင်ဆင် လေ့ကျင့်နေမှာပါ။

  10. လေ့လာခွင့်ရတာ ဝမ်းသာပါတယ်

  11. အခုလိုသင်တန်းကိုလေ့လာခွင်ရတဲ့အတွက်အထူးကျေးဇူးသင်ပါတယ်

  12. 2.2.2022မှာ လေ့လာပြီးမြောက်ပါပြီ။သင်တန်းစီစဉ်ပေးတဲ့ ဆရာဆရာမများအား ကျေးဇူးအထူးတင်ပါတယ်ဗျာ။

    1. အခုသင်ယူရတဲ့အတွက်အထူးကျေးဇူးတင်ပါသည်။

  13. သင်တန်းတက်ခွင့်​လေ့လာသင်ယူခွင့်ရတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်အများကြီးသင်ယူလိုက်ရပါတယ်

  14. သင်ကြားခွင့်ရတဲ့အတွက်ကျေးဇူးတင်ပါတယ် ။ ကိုယ့်အတွက်သာမက ပတ်ဝန်းကျင်အတွက် ပါအကျိုးရှိစေမည့် သင်ခန်းစာများ လေ့ကျင့်သင်ကြားရဲ့အတွက် တန်ဘိုး ကြီးလှပါတယ် ။

  15. သတင်းသမားတစ်ဦးအတွက် သတင်းအချက်အလက်တွေဟာ အရမ်းကိုအရေးကြီးပါတယ်။ ဒီသင်တန်းမှာက မိမိရဲ့ သတင်းအချက်အလက်တွေကို ဘယ်လိုလုံခြုံစိတ်ချအောင် လုပ်ရမလဲဆိုတာကို ရှင်းလင်းပြောပြ သတိပေးနေတဲ့အတွက် မြန်မာနိုင်ငံအတွက်ဒီလိုကာလမျိုးမှာ အရမ်းကိုအရေးပါလွန်းပါတယ်။
    အရေးပေါ်ကယ်ဆယ်နည်းတွေနဲ့ပတ်သက်လို့ အရင်က အရေးပေါ်ကယ်ဆယ်နည်းဆိုတာ သတင်းသမားတွေနဲ့ မသက်ဆိုင်ဘူးလို့ တွေးထားခဲ့တာပါ ။ တကယ်တမ်း စဉ်းစားကြည့်တဲ့အခါ ပြဿနာဖြစ်ပွားရာနေရာတွေမှာ သတင်းသမားတွေက ကယ်ဆယ်ရေးသမားနည်းတူ အရောက်သွားရတဲ့အတွက် မိမိရောက်ခဲ့ရင် ဒါမှမဟုတ် မိမိရှေ့မှာ ဖြစ်ပျက်ခဲ့ရင်တောင် လူတစ်ယောက်ရဲ့အသက်ကို ဘယ်လိုကယ်ဆယ် ရမလဲဆိုတဲ့ အခြေခံအချက်တွေကိုသိရှိခွင့်ရရှိခဲ့ပါတယ်။
    နောက်ပြီး လက်နက်နဲ့ပတ်သက်လို့ လက်ရှိ မြန်မာနိုင်ငံမှာဖြစ်ပျက်နေတဲ့ အခင်းအကျင်းနဲ့ပတ်သက်ပြီး လက်နက်တွေရဲ့ စွမ်းရည် လုပ်ဆောင်နိုင်စွမ်းတွေကို သိရှိထားခြင်းအားဖြင့် မိမိကိုယ်ရော အခြား မိမိပတ်ဝန်းကျင်ကလူတွေပါ ဘေးကင်းလုံခြုံအောင်ဘယ်လို နေထိုင်ပြုမူရမလဲဆိုတာကို ကောင်းကောင်းလေးသိခဲ့ရတဲ့အတွက် အွန်လိုင်းကနေ သင်ယူခဲ့ရတဲ့ Training ဆိုပေမယ့် တကယ့်ကို ထိထိရောက်ရောက်သင်ယူခဲ့ရပါတယ်။

  16. သင်တန်း တက်ခွင့်ရတဲ့အတွက် ကျေးဇူးတင်ပါတယ်

  17. ဘယ်လို လေ့လာရမှာလဲဗျာ နည်းနည်းတော့ ခြင်းပြပေးပါ ခင်ဗျား

  18. သင်တန်းတက်ခွင့်ရတာ အတိုင်းထက်အလွန်ပါ

  19. လုံခြုံရေးအတွက်အမှန်တကယ်လိုအပ်နေတဲ့အရာတွေအပြင် ရှေးဦးပြုစုခြင်းတွေနဲ့ လူနာကိုင်တွယ်ပုံတွေကိုပါ တချိန်ထဲသိရှိရတဲ့အပြင် နားလည်လွယ်အောင် သင်ရိုးညွှန်းတန်းနဲ့ သင်ပြပေးထားတဲ့အတွက်ကျေးဇူးတင်ပါတယ်။မြေပြင်မှာကြုံတွေ့ရတဲ့အခါ လက်တွေ့လုပ်ဆောင်နိုင်ဖို့ကြိုးစားသွားပါမယ်

  20. ဒီသင်တန်းက သတင်းထောက်များအတွက် ပိုပြီးအကျိုးဖြစ်ပါတယ်။

  21. ပညာရပါတယ်။ ပစ္စည်းပဲ လိုပါတော့တယ်။ ဒီသင်တန်းက သတင်းသမားတွေအတွက် သာမက လုံခြုံမှုမရှိသည့် နေရာဒေသက ဘယ်သူမဆို တက်သင့်ပါတယ်။ First Aid ကို ဒီထက် ပိုပြီး အခြား သင်ခန်းစာမှာ ထည့်သင့်ပါတယ်။

  22. သတင်းသမားတွေအတွက် သိသင့်တဲ့ အကြောင်းအရာတွေ အများကြီး သိရပါသည်

  23. သင်တန်းတက်ခွင့်ရလို့ အကျိုးအများကြီး ရှိသလို ကျေးဇူးလည်း တင်ပါတယ်။

  24. တကယ် အသုံးဝင်တာတွေ သိရသလို ဗဟုသုတလည်း ရပါတယ်။
    ကျေးဇူးတင်ပါတယ်။

  25. အများကြီး သင်ယူခဲ့ရပါတယ်
    ကျေးဇူးပါရှင့်

  26. သတင်းထောက်တယောက်အတွက် သိသင့်တဲ့ အကြောင်းအရာတွေကို သိခွင့်ရလို့ ကျေးဇူးတင်ပါတယ်။

  27. ပဋိပက္ခသတင်းယူရတဲ့ သတင်းထောက်တိုင်း မဖြစ်မနေတက်သင့်ပါတယ်။
    မြေပြင်မှာ ကြုံတွေ့နိုင်တဲ့ အန္တရာယ်တွေ၊ မသွားခင်ဘာတွေပြင်ဆင်ရမယ်၊ အန္တရာယ်ကြုံရင် ဘာတွေလုပ်ရမယ် စတာတွေအပြင် ဒစ်ဂျစ်တယ်လုံခြုံရေးသင်ခန်းစာကလည်း အရမ်းကို အကျိုးရှိပါတယ်။
    ကျေးဇူးတင်ပါတယ်။

  28. သင်ခန်းစာများမှာ လွန်စွာကောင်းမွန်ပါသည်။ သို့သော် လက်တွေ့သရုပ်ပြသည့် ရုပ်သံ ဖိုင်များတွင် မြန်မာဘာသာဖြင့် စာတန်းထိုးပေးရင် ပိုကောင်းမည်ဟု ထင်မိပါသည်။

    1. သင့်ဗီဒီယိုရှိ ‘CC’ ခလုတ်ကိုနှိပ်ခြင်းဖြင့် မြန်မာစာတန်းထိုးများကို ရွေးချယ်နိုင်ပါသည်။

  29. သတင်းထောက်ကောင်းတစ်ယောက်ဖြစ်ဖို့သင်ထောက်ကူတွေနည်းပညာသရုပ်ပြတာတွေဟာအမှန်တကယ်ကိုသိရှိဖို့လိုအပ်ပါတယ်။သည်သင်ခန်းစာတွေဟာတကယ့်ပြင်ပလောကမှာလည်းအမှန်တကယ်ကိုလက်တွေ့ကျကျလုပ်နိုင်ဖို့ခဲယဥ်းပါတယ်။အခုလိုတစ်စုတစ်စည်းတည်းပြသပေးတဲ့သင်တန်းဆရာတွေကိုလည်းအသိပညာဗဟုသုတရတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျား။

  30. သင်တန်းကိုတက်ရောက်ခွင့်ရလို့ကျေးဇူးတင်ပါတယ်ရှင်။အများကြီးသိခွင့်ရပီအများကြီးကြိုးစားပါ့မယ်။

  31. တကယ့်လက်တွေ့မှာ ကြုံတွေ့လာရင် အထောက်အကူ ဖြစ်စေတဲ့ သင်တန်းပါ။ ကျေးဇူးတင်ပါတယ်။

  32. သင်တန်းတက်ခွင့်ရလို့ ကျေးဇူးတင်ပါတယ်။ အရေးပေါ်အခြေအနေ ကြုံလာရင် လိုအပ်တာတွေကို သိခွင့်ရခဲ့ပါတယ်။

    1. သင်ခန်းစာများအားလုံးအတွက် ကျေးဇူး အထူးတင်ရှိပါသည်။

  33. စိတ်ဝင်စားစွာ သင်ယူလေ့လာခွင့် ရခဲ့ပါတယ်။ အကျိုးရှိရှိ အချိန်ပေးလိုက်ရတာနဲ့ ထိုက်တန်စွာ အကျိုးကျေးဇူး ရရှိခဲ့ပါတယ်။ ကျေးဇူးတင်ပါတယ်။

  34. အခုလို တန်ဖိုးရှိတဲ့ အကြောင်းအရာတွေ လေ့လာခွင့်ရလို့ ဝမ်းသာပါတယ်။ သင်ခန်းစာ တစ်ခုစီတိုင်းကို အကျုဉ်းချုပ်အနေနဲ့ ပြန်လည် ဝေမျှပေးထားတဲ့အတွက် လေ့လာသင်ယူဖို့အတွက် အထောက်အကူအရမ်းဖြစ်ပါတယ်။ ကျေးဇူးပါ

  35. သင်တန်းကနေ ဗဟုသုတတွေအများကြီး ရလို့ ကျေးဇူးတင်ပါတ​ယ်

  36. လေ့လာခွင့်ရတာကျေးဇူးအများကြီးတင်ရှိပါတယ်

  37. မြေပြင်မှာ ကြုံတွေ့နိုင်တာတွေကို သိခွင့်ရလို့ အကျိုးရှိတဲ့ သင်တန်းပါ။

  38. ဒီသင်ခန်းစာကို သင်ယူခွင့်ရလို့ ဝမ်းသာ ဂုဏ်ယူမိပါတယ် အထောက်အကူ အများကြီးရပါတယ် အန္တရာယ် ကြံုလာတဲ့အခါ ဘယ်လိုကာကွယ်ရမယ်ဆိုတာ အများကြီးသိခွင့်ရလို့ ေကျးဇူးတင်ပါတယ်

  39. လက်တွေ့ အသုံးဝင်တဲ့ သင်ခန်းစာတွေအတွက် ‌သင်တန်းတက်ခွင့်ရလို့ ကျေးဇူးတင်ပါသည်။

  40. ဗဟုသုတ များစွာရရှိပါတယ်။ သင်တန်းကို အဆင်ပြေအောင် လက်တွေ့ကျကျ လုပ်ခွင့်ရရင် ပိုကောင်းမယ်။

  41. လေ့လာသင်ယူခွင့်ရလို့ကျေးဇူးတင်ပါတယ်။ သင်တန်းကနေ ဗဟုသုတတွေအများကြီး ရလို့ ကျေးဇူးတင်ပါတ​ယ်

  42. လုံခြုံရေး နဲ့ ဘေးအန္တရာယ်ကာကွယ်ရေးအတွက် အရေးပါတဲ့ သင်တန်းပါ။

  43. အရေးကြီး လိုအပ်တဲ့ အကြောင်းအရာတွေ သိခွင့်ရလို့ ကျေးဇူးတင်ပါတယ်။

  44. သင်ယူလေ့လာခွင့်ရတဲ့အတွက် ကျေးဇူးတင်ပါတယ်။

  45. လေ့လာခွင့်ရတာ အများကြီး ကျေးဇူးတင်ပါတယ် ခင်ဗျာ

  46. သင်တန်းကနေ လေ့လာသင်ကြားခွင့်ရတဲ့အတွက် ကျေးဇူးတင်ပါတယ်။

  47. လုံခြုံရေးနဲ့ အသက်ကယ်နည်း သင်တန်းအတွက် ကျေးဇူးတင်ပါတယ်

  48. လက်တွေ့ အသုံးဝင်တဲ့ အကြောင်းအရာတွေ သင်တန်းမှာ သိခွင့်ရလို့ ကျေးဇူးတင်ပါတယ်။

  49. သတင်းသမားတစ်ယောက်အတွက် လေ့လာစရာ၊ သင်ခန်းစာယူစရာ အဖြစ်အပျက်အပျက်တွေအပြင် သတိပြုဆင်ခြင်ဖွယ်ရာများကို ဒီသင်တန်းက ရရှိစေခဲ့ပါတယ်။

    ထူးခြားမှုအဖြစ် ရှေးဦးသူနာပြုဆိုင်ရာ အခြေခံအကြောင်းအရာတွေ၊ သဘောတရားတွေကို လက်တွေ့ပြသပေးသွားတာဟာ သတင်းသမားတစ်ယောက်အတွက်တင်မကဘဲ လူတိုင်းအတွက် အသုံး‌ဝင်စေနိုင်ပါတယ်။ ပြီးတော့ ဒီသင်ခန်းစာကို ထည့်ပေးတဲ့ ရယ်ရွယ်ချက်ကို အစပိုင်းမှာ နားမလည်ပေမယ့် သင်ခန်းစာတစ်ခုပြီးတစ်ခု လေ့လာဖြစ်တဲ့အခါမှာ ရှေးဦးသူနာပြုအခြေခံအသိအမြင်ဗဟုသုတဟာ သတင်းသမားတွေအတွက် ပိုအရေးပါနေမှန်းကို သတိပြုမိစေခဲ့ပါတယ်။

    တက်ရောက်ခွင့်ရတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်။

  50. ယခုလိုအကြိုးရှိတဲ့သင်တန်းကိုတက်ရောက်ရတဲ့အတွက် အထူးပင်ကျေးဇူးတင်ရှိပါတယ်။ မြေပြင်တွင်သတင်းသွားယူတဲ့အချိန်များစွာအထောက်အကူပြုနိုင်ပါတယ်။

  51. အခုလို လေ့လာသင်ကြားရတဲ့အတွက် ကျေးဇူးတင်ပါဗျ

  52. တစ်ခါမှမသင်ဖူးသေးတဲ့ သတင်းထောက်တွေ သိထားသင့်တဲ့အကြောင်းအရာတွေကို သိရှိခွင့်ရတဲ့အတွက် ကျေးဇူးတင်မဆုံးပါ။

  53. လေ့လာသင်ယူခွင့်ရခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်။

  54. လုံခြုံရေးနဲ့ အသက်ကယ်နည်း သင်တန်းအတွက် ကျေးဇူးတင်ပါတယ် အရမ်းကောင်းတဲ့ သင်တန်း ဖြစ်ပါတယ်။

  55. လေ့လာခွင့်ရတာကျေးဇူးအများကြီးတင်ရှိပါတယ်

  56. အခုလိုသင်တန်းတက်ခွင့်ရတဲ့အတွက်သတင်းသမားများအတွက်များစွာအကျိုးရှိပါတယ်။
    အခုလိုလေ့လာခွင့်ရအောင်ပြုလုပ်ပေးသော DVBသတင်းဌာနအားကျေးဇူးတင်ပါတယ်ခင်ဗျာ။

  57. အထူးသဖြင့် လက်နက်နဲ့ပတ်သက်တာတွေ၊ ရှေးဦးသူနာပြုပညာတွေကို မြေပြင်မှာ အမှန်တကယ်အသုံးပြုနိုင်အောင် ထည့်သွင်းသင်ကြားပေးလို့ ကျေးဇူးအထူးပါ။ ဒီသင်တန်းက ဆရာ၊ဆရာမတွေကိုလည်း ကျေးဇူးတင်ပါတယ်

  58. အခြေအနေ အချိန်အခါနဲ့ လိုက်လျောညီတဲ့ ဒီလိုသင်တန်းမျိုး တက်ခွင့်ရတာ အထူးကျေးဇူးတင်ပါတယ်။ လေ့လာမှတ်သားစရာတွေ အများကြီးရလိုက်ပါတယ်။

  59. အကျိုးကျေးဇူးရှိပြီး လွန်စွာအသုံးဝင်တဲ့သင်တန်းတစ်ခုဖြစ်ပါတယ်ဗျ

  60. ဘာတွေကိုသိထားပြီးသားဖြစ်တယ်။ ဘယတွေကို အသုံးချနိုင်တယ်။ ဘာတွေကို ဆက်လေ့လာရမယ်ဆိုတာတွေကို လေ့လာသင်ယူခဲ့ကပါတယ်။

  61. ဤသင်တန်းကို တက်ရောက်ခွင့် ရ၍ ကျေးဇူးတင်ပါသည်။
    ကျွန်တော် မသိရှိမှုများနဲ့ ဇဝေဇဝါ နားမလည်းမှုများကို သိရှိစေပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.